ရန်ကုန်၊ ဇူလိုင် (၁၆)
ပဲခူးတိုင်းဒေသကြီး (အနောက်)၊ သာယာဝတီခရိုင်၊ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က စစ်ရေးလှုပ်ရှားမှုတွေ စတင်နေပြီဖြစ်တယ်လို့ ဒီနေ့မှာ ပြောပါတယ်။
“စစ်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်နေပြီဖြစ်၍ ပြည်သူများအနေနဲ့ အကြမ်းဖက်စကစများနှင့်အတူ သွားလာခြင်း အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြ” ဖို့ လိုအပ်တယ်လို့ သူတို့က သတိပေးပြောကြားထားပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအဖွဲ့တစ်ခု ဖြစ်ပါတယ်။