Spread the love

ရန်ကုန်၊မတ်(၉)

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့က ငါးလွှာတိုက်ခန်းမှာ ပိတ်မိနေတဲ့ ဇနီးဖြစ်သူကို ကယ်တင်ဖို့အတွက် နိုင်ငံပေါင်း (၅) နိုင်ငံ၊ မိုင်ပေါင်း (၁၃၀၀) ကျော်ကို ဗင်ကားတစ်စီးနဲ့ စွန့်စားပြီး ထွက်လာခဲ့တဲ့ ဗြိတိန်အမျိုးသား တစ်ယောက်အကြောင်းကို Daily Mail က ရေးသားထားပါတယ်။

အသက် (၆၅) နှစ်အရွယ် Steve Lucas အမည်ရှိတဲ့ အမျိုးသားဟာ ရုရှားတွေရဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားမှာ ပိတ်မိနေတဲ့ ဇနီးဖြစ်သူကို ကယ်တင်ဖို့အတွက် ဗြိတိန်နိုင်ငံ၊ ဝေးလ်ပြည်နယ် ကနေ ဥရောပနိုင်ငံတွေကို ဖြတ်ကျော်ပြီး အခုလိုလာရောက်ခဲ့ရတာ ဖြစ်ပါတယ်။

“ကောင်းကင်မှာမြင်နေရတဲ့ ဓာတ်ပုံတွေကို သူကကျနော့်ဆီပို့ပေးတယ်၊ အဆောက်အဦးတွေ၊ လမ်းတွေအကုန်လုံးမှာ မီးလောင်နေတာကိုတွေ့ရတယ်။ သူမနေထိုင်တဲ့ အခန်းဟာဆိုရင်လည်း ပေါက်ကွဲမှုတွေကြောင့် အချိန်ပြည့်ခါယမ်းနေတယ်” လို့ Steve Lucas က ပြောဆိုထားပါတယ်။

ပိုလန်ကို ရောက်ရှိဖို့အတွက် (၂၄) နာရီကျော်ကြာ ကားမောင်းခဲ့ရပြီး ကိဗ်မြို့က ထွက်ခွာလာမယ့် ဇနီးဖြစ်သူကို တွေ့ဆုံဖို့ စောင့်ဆိုင်းနေတယ်လို့ Daily Mail က ရေးသားထားပါတယ်။