ရန်ကုန်၊ စက်တင်ဘာ (၇)
ကချင်ပြည်နယ်၊ ရွေကူမြို့နယ်က အထွေထွေအုပ်ချုပ်ရေးရုံးမှာ အစည်းအဝေးလုပ်နေချိန် တိုက်ခိုက်ခဲ့လို့ ပြည်ထဲရေးဝန်ထမ်းနှစ်ယောက် သေဆုံးခဲ့တယ်လို့ မြို့လှ PDF ဆီကသိရပါတယ်။
ရွှေကူမြို့နယ် ထွေအုပ်ရုံးမှာ မနေ့ နေ့လယ်က အစည်းအဝေးလုပ်ချိန် Drone နဲ့ (၂)ကြိမ်တိုင်တိုင် ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ ပြည်ထဲရေးဝန်ထမ်းနှစ်ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၉) ယောက်ထက်မနည်းရှိခဲ့တယ်လို့ မြို့လှ PDF ကပြောပါတယ်။
တိုက်ခိုက်ခံရပြီးနောက် သေဆုံး၊ ဒဏ်ရာရတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို လူနာတင်ကားတွေနဲ့ သယ်ဆောင်သွားတာကို တွေ့ရပြီးတော့ ထွေအုပ်ရုံး တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။