ရန်ကုန်၊ ဒီဇင်ဘာ(၂၃) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပတောင်းမြို့နယ် အတွင်းမှာ ဒီနေ့မနက်ပိုင်းက ရထားသံလမ်းပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီအဖွဲ့က လာရောက်စစ်ဆေးချိန် နောက်မိုင်းတစ်လုံးထပ်မံ ပေါက်ကွဲခဲ့တာကြောင့် စစ်သား(၂)ဦး မိုင်းထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ကံပေါက်ရွာနားက သံလမ်းမှာပေါက်တာ၊ စစ်သားတွေ လာစစ်ချိန် နောက်ထပ်မိုင်းထပေါက်တာ၊ သူတို့ရှိလို့အနားတော့သွားမကြည့်ရဲကြဘူး၊ လူနာတင်ကားနဲ့ တင်နေတာတွေတွေ့ရတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ ကျောက်ပတောင်း-ပျဉ်းမနား ရထားလမ်း မိုင်တိုင်အမှတ် (၃၆၁/၁၁-၁၂) ကြားမှာရှိတဲ့ ရထားခုံးကျော်တံတားကို မိုင်းထောင်ဖောက်ခွဲခဲ့လို့ စစ်ကောင်စီအဖွဲ့ကလာရောက် စစ်ဆေးနေချိန် သံလမ်းမှာ ထပ်ပြီးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေနဲ့ ဆက်စပ်တဲ့ မီးရထားလမ်းတွေမှာ မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၂) အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဒီနေ့ မနက်အစောပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာ ကို ရောက်ရှိလာပြီး နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးကာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားပါတယ်။ “မနက် ၅ နာခွဲကျော်လောက် ရောက်လာတယ်။ လက်နက်ကြီး တစ်ချက် ပစ်သံကြားလိုက်တယ်၊ နေအိမ်တွေထဲ ဝင်ပြီး စစ်ဆေးတာ၊ ရှာဖွေတာတွေလုပ်တယ်၊ အိမ်တစ်လုံးဖျက်ဆီးသွားတယ်။ အမျိုးသမီးတစ်ဦးကိုတော့ လက်နောက်ပြန်ကြိုး တုတ်ပြီး ဖမ်းသွားတယ်လို့ သိရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ မနက်ပိုင်းမှာ ချောင်းခွကျေးရွာ ပန်းမွန်ချောင်းတံတား အနီး အရင်က ရဲကင်းဟောင်းနေရာမှာလဲ တပ်စွဲနေရာယူထားပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ မကွေးတိုင်းဒေသကြီး ကြားမှာရှိတဲ့ ပုံတောင်မြေဒေသ မှာ ဒီနေ့ မနက်အစောပိုင်းက အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ဗိုလ်နဂါးအဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ ဆီက ပြောပါတယ်။ ပုလဲမြို့နယ်ဘက်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းကို ဗိုလ်နဂါးအဖွဲ့ က ၅၈ မိုင် နဲ့ ၅၉ မိုင်ကြားမှာ အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာပါလာတဲ့ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ အင်တောပြန့်ကျေးရွာ အနီး နဲ့ ခင်အေးကျေးရွာ အနောက်ဘက်မှာ တစ်ကြိမ်ဆီ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတွေ သေဆုံးခဲ့တဲ့အပြင် ကားတစ်စီးလည်း ပျက်စီး…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၁) မည်မျှပင်ခက်ခဲစေကာမူ နိုင်ငံသူနိုင်ငံသားတွေရဲ့ငြိမ်းချမ်းသာယာရေး၊ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ပြည်သူလူထု အာဏာပိုင်စိုးရေးတွေကို ဆက်လက် ကြိုးပမ်းလုပ်ဆောင်ကြရမှာဖြစ်ပြီး စစ်ကောင်စီဟာ အာဏာလက်ဝယ်တည်မြဲဖို့အတွက် ဉာဏ်နီဉာဏ်နက်မျိုးစုံနဲ့ အကွက်ဆင်လုပ်ဆောင်တာကိုသတိထားရမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၃၆/၂၀၂၁) မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေ ဆက်ပြီးမဆုံးရှုံးစေဖို့၊ နွေဦးတော်လှန်ရေးအောင်မြင် မြန်ဆန်စေဖို့၊ လက်ရှိစစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ပြည်ချစ်တပ်မတော်သားတွေ ပြည်သူ့ရဲတပ်ဖွဲ့တွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပြီး ပြည်သူဘက်ကို ပူးပေါင်းပါဝင်ကြဖို့ သမ္မတကြီးက တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကလည်း လေးကေ့ကော်ဖြစ်စဉ်ကိုကြည့်ရင် အင်မတန် ဝမ်းနည်းစရာကောင်းကြောင်း၊ မိမိတို့နိုင်ငံအတွင်းမှာ ပြည်သူကိုအကာကွယ်ပေးရမယ့် စစ်တပ်က အာဏာကိုမက်မောပြီး…

read more

စစ်ကိုင်းက အုပ်ကြီး သေနတ်ပစ်ခံရလို့ သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ (၂၁) စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစံပြကျေးရွာ မှာ နေထိုင်တဲ့ သတင်းပေးဒလန်လို့ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ နဲ့ Sagaing Special Attacking Force (SSAF) အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၉) ရက် ည (၇) နာရီမှာ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း ကို သေနတ်နဲ့ ပစ်ခတ်ပြီး ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။ လှိုင်လှိုင်ဝင်းဟာ အရင်က အပြစ်မဲ့ပြည်သူနှစ်ဦး ဗြောက်အိုးဖောက်တာကို PDF အဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး စစ်ကောင်စီတွေကို သတင်းပေးဖမ်းခိုင်းခဲ့တာမျိုးတွေလည်း ရှိတယ်ခဲ့တယ်လို့ မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ က…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၀) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက် က ကျောင်းဆရာမတစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီ က သိရပါတယ်။ “အပစ်ခံရတဲ့ ဆရာမက ဒေါ်နီလာရွှေ တဲ့၊ အငြိမ်းစားယူထားတာ၊ မနက်ဈေးသွားနေတုန်း အနောက်ကနေပစ်သွားတာ။ ကျည်ဆံတော်တော်ထိသွားတယ်ကြားတယ်၊ ဆေးရုံကိုပို့နေတုန်းလမ်းမှာ သေသွားပြီ” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၅) ရက်နေ့ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အထက (၂) ကျောင်းကိုသွားဖို့ အငှားယာဉ်တက္ကစီနဲ့ ထွက်လာတဲ့ အထက်တန်းပြဆရာမ ဒေါ်လှလှသန်း ကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် သုဓမ္မာလမ်း နဲ့ နွယ်နီလမ်းထောင့်မှာ မီးပွိုင့်မိနေချိန် အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ ဒီဇင်ဘာ(၁၈) ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲမှာ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က တပ်သား (၁) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ရေကြောင်း၊ ကုန်းကြောင်းကတဆင့် လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာချိန် တပ်သား မင်းခန့်ကျော် ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိပြီး အနီးကပ်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် မင်းခန့်ကျော် ဟာ အသက်(၁၈) နှစ် မပြည့်သေးသူတစ်ဦးဖြစ်ပြီး မနေ့က ဒီဇင်ဘာ(၁၉) ရက်နေ့မှာ ဈာပနကျင်းပပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ဆီကသိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့၊ မေတ္တာလင်းမြိုင်နဲ့ မယ့်ထော်သလေးကြား (၅) ရက်မြောက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ခွဲမှူး (၂) ဦး၊ ဒုတပ်ခွဲမှူး (၂) ဦးနဲ့ စုစုပေါင်းသေဆုံးသူ (၅၀) ဦး နီးပါးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PVT က အတည်ပြုရေးသားထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဘက်က ၆၀ မမ (၁) လက်၊ ပစ္စတို (၄) လက်၊ စနိုက်ပါ (၁) လက် ၊ MK1 (၃) လက်၊ MK2 (၃) လက် စုစုပေါင်း (၁၂) လက်၊ လက်ပစ်ဗုံး၊ ကျည်ကပ်တချို့ နဲ့ ကျည်ဆန်တွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒီနေ့မှာ ကိုရီးယားနိုင်ငံ၊ ဂင်ဖိုမြို့၊ လမ်းမပေါ်မှာ အလှူခံထွက်ခဲ့ကြတယ်လို့ ကိုရီးယား Gimpo မြန်မာအလုပ်သမားများအဖွဲ့က ပြောပါတယ်။ “အရမ်းအေးတဲ့ ရာသီဥတုကြားမှာ လာရောက်ပါဝင်ပေးကြတဲ့ ညီအကိုတွေရောအလှူငွေထည့်ပေးကြတဲ့ သူတစ်ယောက်ချင်းစီရော အရမ်းကိုပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ” လို့ သူတို့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဒီနေ့မှာ အလှူငွေ စုစုပေါင်း 700000 ဝမ် လက်ခံရှိခဲ့တယ်လို့ သိရပါတယ်။ “အမိမြေရဲ့တိုက်ပွဲတွေကြားက ပြည်သူ့စစ်သည်တော်တွေနဲ့စစ်ဘေးသင့် ပြည်သူတွေအတွက် ကျွန်တော်တို့ဒီထက်မက ကြိုးစာရဦးမှာဖြစ်တယ်” လို့ သူတို့က ပြောပါတယ်။ ကိုရီးယား Gimpo မြန်မာအလုပ်သမားများအဖွဲ့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပြုလုပ်နေသလို မြန်မာနိုင်ငံက ပြည်သူတွေအတွက် ကိုရီးယားနိုင်ငံက…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၁၉) နယ်မြေကျူးကျော်ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား (၅) ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး မေတ္တာလင်းမြိုင် နဲ့ မယ့်ထော်သလေးကြား တိုက်ပွဲတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ တချို့သေဆုံးခဲ့ပြီး စစ်လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံသတင်းတွေဖော်ပြချက်အရ သိရပါတယ်။ “မနက်ကတည်းက စစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ လက်နက်ကြီးတွေ ဖောဖာသီသီသုံးပြီး ပစ်နေပေမယ့်၊ သူတို့ဘက်အသေအပျောက်ရှိတယ်၊ စစ်ကူးလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်တိုက်ခိုက်တာတွေလုပ်ထားတယ်၊ ပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်ဖို့ လုပ်နေတယ်” လို့ KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ၆၀ မမ (၁) လက် ၊ MA1 (၄) လက်၊ Sniper (၂) လက်၊ ပစ္စတို (၂) လက် စုစုပေါင်း လက်နက် (၉) လက်သိမ်းဆည်းထားပြီလို့…

read more