ရန်ကုန်၊ဧပြီ(၂၂) နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၂) ပြည်တွင်းရွှေဈေးကွက်ကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ တွက်ချက် ဈေးဖွင့်နိုင်တာ မရှိသေးဘဲ ရောင်းဝယ်သူတွေရဲ့ ခေါ်ဈေးကိုသာ ဈေးဖွင့်ရာင်းချနေရဆဲ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၂) စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ငွေ ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်သတ်ခံရလို့ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ဧပြီ (၂၂) စစ်တပ်ကို ဝေဖန်ခဲ့တဲ့ ဗိုလ်မှုးကြီး အငြိမ်းစား အောင်မြင်သူ ကို မနေ့ည (၁၀) နာရီမှာ စစ်တပ်က တောင်ဥက္ကလာပမှာ ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၂) စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကြောရေးမှာ ရဲဘော် အောင်မြင့်မြတ်နဲ့ ရဲဘော်ဆုတ်ဖွားတို့ ကျဆုံးသွားပြီ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၀) မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်က အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၀) ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ကရီမင်နာမြို့ (Kreminna) ကို ရုရှားတပ်တွေ သိမ်းပိုက်လိုက်လို့ ယူကရိန်းတပ်တွေ မြို့ကနေ ဆုတ်ခွာသွားပြီဖြစ်တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့တယ်လို့ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၂၀) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့သမီးဖြစ်သူ ပိုင်ဆိုင်တဲ့ ဟိန်းစည် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ဧပြီ (၁၅) ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်က နာမည်ကြီးဒလန်တစ်ဦးကို ဒီနေ့ မနက် (၇) နာရီ (၄၅) မီနစ်က အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဧပြီ(၁၅) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒုတပ်ကြပ်ဇင်မျိုးကိုကို သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more