မန္တလေး၊ အောက်တိုဘာ (၂၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနက ဒီနေ့မှာ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့တဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ အောက်တိုဘာ (၂၂) တိုင်းပြည်ရဲ့ စီးပွားရေးက ကိုဗစ်ဖြစ်ပြီးနောက် ကျဆင်းခဲ့ပေမယ့် လက်ရှိအချိန်မှာ တိုင်းပြည်စီးပွားရေးက ပြန်လည် ဦးမော့လာပြီလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

read more

ပဲခူး၊ အောက်တိုဘာ (၂၂) ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာ၊ ရေတံခါးဂိတ်မှာ ကိတ်ချ ကင်းစောင့်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီ (၂) ယောက်နဲ့ ပျူစောထီး (၃) ယောက် သေဆုံးခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ ပြောပါတယ်။

read more

ပဲခူး၊ အောက်တိုဘာ (၂၁) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာရှိတဲ့ စစ်ကောင်စီလေတပ်စခန်းကို မနေ့ညက တိုက်ခိုက်ခဲ့လို့ လေတပ်အရာရှိတစ်ယောက် အပါအဝင် (၄) ယောက်သေဆုံးခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ Brave Warriors for Myanmar-BWM ဒီနေ့ မနက်မှာ ပြောပါတယ်။

read more

ရန်ကုန်၊ အောက်တိုဘာ (၂၁) စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးလုပ်ဖို့ ရုရှားရေတပ် စစ်ရေယာဉ် ၄ စီး မနေ့ နေ့လယ်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ အောက်တိုဘာ (၁၃) မြန်မာနိုင်ငံမှာ စစ်ကောင်စီ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ကြောက်မက်ဖွယ်ရာ အဆင့်ကို ရောက်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

read more

စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့ ညနေပိုင်းက သဖန်းသာကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ယောက် အပါအဝင် စုစုပေါင်း ပြည်သူ (၁၂) ယောက်သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး (၄) ယောက် ပါဝင်ခဲ့ပါတယ်။

read more

ရန်ကုန်၊ အောက်တိုဘာ (၁၂) တရားမဝင်စစ်အာဏာသိမ်းပြီးနောက် ယိုယွင်းလာတဲ့ စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာမှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှု တိုးပွားလာတာတွေကြောင့် မြန်မာပြည်သူတွေကို ဘဝဖွံ့ဖြိုးတိုးတက်မှုထက် နေ့စဉ်အသက်ရှင်သန်မှုအပေါ်သာ အာရုံစိုက်နေကြရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

read more

ရန်ကုန်၊ အောက်တိုဘာ (၁၁) ဒီနေ့ မနက်ပိုင်းမှာ Nay Pyi Taw PDF က အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Nay Pyi Taw PDF က အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်ဖွဲ့ ဖြစ်ပါတယ်။

read more

ရှမ်း၊ အောက်တိုဘာ (၁၁) အခုအောက်တိုဘာလ (၁) ရက်ကနေ မနေ့ကအထိ စစ်ကောင်စီနဲ့ ရှေ့တန်းမှာ တိုက်ပွဲဖြစ်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲဘော်တွေကို တွေ့ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

read more