ရန်ကုန်၊ ဇူလိုင် (၁၇) စစ်ကောင်စီက နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူလို့ ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကို နေ့စဥ်နဲ့အမျှ ကြားသိ မြင်တွေ့ နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

read more

မန္တလေး၊ ဇူလိုင် (၁၂) မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်က မြောက်တံငါ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

read more

ရခိုင်၊ ဇူလိုင် (၁၂) ရခိုင်ပြည်နယ်၊ မောင်တောမြို့က မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို မနေ့ မနက်က သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်း စစ်ကောင်စီလက်အောက်ခံ အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ပြောပါတယ်။

read more

ရှမ်း၊ ဇူလိုင် (၁၁) ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်လို့ စစ်ကောင်စီလုံးဝကင်းစင်တဲ့ မြို့နယ်တစ်ခု ဖြစ်လာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ က ဒီနေ့မှာ ပြောပါတယ်။

read more

မန္တလေး၊ ဇူလိုင် (၈) စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တွေ မနေ့ကအထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲ (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စုစုပေါင်း အရပ်သား (၄၉) ယောက် သေဆုံးခဲ့ပြီး (၆၇) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

read more

ချင်း၊ ဇူလိုင် (၆) ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ မတူပီအခြေစိုက်ဗျူဟာကုန်းနဲ့ ခမရ(၃၀၄)၊ ခလရ(၁၄၀) တွေကို သိမ်းပိုင်နိုင်ခဲ့သလို ဟောင်ဝပ်ဇာ အမြောက်အပါအဝင် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

read more

ရှမ်း၊ဇူလိုင်(၆) ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းမှာ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ တအောင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး TNLA ဘက်က သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ်(ခေါ်) ဂူ;ပ္လါင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

read more

ရှမ်း၊ ဇူလိုင်(၅) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့က လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေကျလို့ စစ်ရှောင်လူဦးရေပိုများလာပေမယ့် ဒီနေ့(ဇူလိုင်၅)ရက်နေ့ မနက်ပိုင်းအထိ မြို့အဝင်အထွက် လုပ်လို့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇူလိုင် (၅) စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်း ကို တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေဟာ မနေ့က သွားရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီက အဆိပ်ငွေ့ဗုံးသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့လို့ TNLA တပ်ဖွဲ့ဝင် (၈) ယောက် အဆိပ်ငွေ့သင့်ခဲ့တယ်လို့ သိရပါတယ်။

read more

မန္တလေး၊ ဇူလိုင်(၅) ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က စစ်ကောင်စီတပ်စခန်း(၂)ခုကို ထပ်ပြီး သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

read more