ရန်ကုန်၊ ဇွန် (၃၀) တော်လှန်ရေးအင်အားစုတွေအနေနဲ့ မူဝါဒအရဘဲဖြစ်စေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အနေနဲ့ဘဲဖြစ်စေ၊ ပြတ်ပြတ်သားသား တုန့်ပြန်ဖို့ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

read more

ရန်ကုန်၊ဇွန်(၂၃) ဗုဒ္ဓဟူးနေ့က အာဖဂန်နစ္စတန်မှာ အင်အားပြင်းငလျင်လှုပ်ခတ် မှုကြောင့် သေဆုံးသူ ဦးရေ (၁၀၀၀) အထိရှိခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၁၅၀၀ ကျော်ရှိခဲ့ပြီး ဝေးလံခေါင်သီတဲ့ တောင်ပေါ်ကျေးရွာတွေက အချက်အလက်တွေ ထွက်ပေါ်လာဦးမှာဖြစ်တဲ့အတွက် သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ်ရှိပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂၃) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက အမျိုးသမီး၊ တိုရွာက Non CDM ဝန်ထမ်းနဲ့ မန်းကျည်းကုန်းရွာက ပြည်သူ (၂) ဦးကို သူတို့အဖွဲ့က သတ်ခဲ့တာ မဟုတ်ဘူးလို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံက ပြောပါတယ်။

read more

ရန်ကုန်၊ဇွန်(၂၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ မြို့မရဲစခန်း ကို ဒီနေ့မနက် အစောပိုင်း (၂) နာရီကျော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့လို့ စစ်သားနဲ့ ရဲ စုစုပေါင်း (၅) ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း၊ ဟဲလုပ်ကျေးရွာအနီးက ဒီနေ့တိုက်ပွဲမှာ ကျဆုံးသွားတဲ့ PDF Kalay ရဲဘော် သူရဲကောင်းညီငယ်အတွက် ဂုဏ်ယူဝမ်းနည်း အလေးပြုတယ်လို့ L.D.F – KALAY က ပြောပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂၂) စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗိုလ်မိုးကြိုးအဖွဲ့ဟာ ကိုယ်တိုင်လုပ်ထားတဲ့ မိုင်းတွေကို ဒီနေ့ မနက်ပိုင်းမှာ လူမှုကွန်ယက်ကတစ်ဆင့် ပြည်သူတွေကို ပြသခဲ့ပါတယ်။ “ဗိုလ်မိုးကြိုးအဖွဲ့ လက်ရာရှေ့ထွက်မိုင်း ရှယ်ကျွေးမှာ” လို့လည်း ရေးသားထားပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂၂) အာဏာသိမ်း စစ်တပ်ကို အားပေးထောက်ခံသူတွေဖြစ်ကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းဒေသမှာရှိတဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကို စတင်ပစ်မှတ်ထား ရှင်းလင်းတော့မယ်လို့ Salingyi People’s Defence Force အဖွဲ့က ဒီနေ့ မနက်ပိုင်းမှာ ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ဇွန် (၂၂) မီတာခကောက်ပြီး ပြန်လာတဲ့ မြင်းခြံမြို့နယ် EPC ရုံး က ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး ဦးတင်ကို နဲ့ ဦးမျိုးဇော်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ဇွန်(၂၁) ရူစလာနာ ဂါဂန် ဆိုတဲ့ ကောင်မလေးက လိုဗစ်မြို့က Academy of Arts မှာ ပညာသင်ကြားနေတာပါ။ သူ့ရဲ့အဖေက သူ့ရဲ့တီထွင်ဖန်တီးလိုတဲ့ ဆန္ဒကို အမြဲပံ့ပိုးပေးခဲ့တယ်လို့ သူက ပြောပါတယ်။ အခုဆိုရင် သူ့ရဲ့အဖေက တိုက်ခိုက်ရေးသမားအဖြစ် ရုရှားတပ်တွေကို ခုခံတိုက်ခိုက်နေပါတယ်။

read more

ရန်ကုန်၊ ဇွန် (၂၁) စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဦးမျိုးတင့် ရဲ့ နေအိမ်ကို ဒီနေ့ နေ့လည်ပိုင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို့ Aung San Generation အဖွဲ့က C8News ကို ပြောပါတယ်။

read more