ရန်ကုန်၊ နိုဝင်ဘာ (၃၀) စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လေကြောင်း ဒရုန်း၊ တိုက်လေယာဉ်တွေနဲ့ အချိန်မရွေးတိုက်ခိုက်နေလို့ လက်နက်အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့ လိုက်နာရမယ့် အချက်တွေကို အေအေက ဒီနေ့မှာ အသိပေးပြောကြားပါတယ်။

read more

ရန်ကုန်၊နိုဝင်ဘာ(၃၀) မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့နိုင်ငံဖြစ်ပါတယ်၊ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူကတောင်းဆိုတဲ့အတွက် တပ်မတော်က ဖော်ဆောင်ပေးနေတာ ဖြစ်တယ်ပြီး အခုမှ လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောပါတယ်။ မနေ့က နေပြည်တော်မှာ လုပ်တဲ့ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ သူကပြောကြားခဲ့တာပါ။

read more

ရန်ကုန်၊နိုဝင်ဘာ(၃၀) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို လေးရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က(နိုဝင်ဘာ၂၉) ရက်မှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ Chinland Defence Force – Zotung – CDF- Zotung ဆီကသိရပါတယ်။

read more

ရန်ကုန်၊နိုဝင်ဘာ(၃၀) ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင် ဒကစလက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းက စစ်သား(၂၀၀) နဲ့မိသားစုဝင်တွေ အစုလိုက်အပြုံလိုက် အလံဖြူထောင် အလင်းဝင်ခဲ့တယ်လို့ MNDAA သတင်းနဲ့ပြန်ကြားရေးဆီက သိရပါတယ်။

read more

ရန်ကုန်၊ နိုဝင်ဘာ (၃၀) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေလို့ စာသင်ကျောင်းအများစု ပိတ်ထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပေမယ့် ပုံမှန်အတိုင်း ကျောင်းပြန်တက်ဖို့ အခြေခံပညာရေး၀န်ထမ်း ဆရာ၊ ဆရာမတွေကို ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန် ကဖိအားပေးနေပါတယ်။

read more

ရန်ကုန်၊နိုဝင်ဘာ(၁၉) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်နှစ်ခွစခန်းကို စစ်ကူပေးဖို့ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ BGF ပူးပေါင်းအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က စစ်ဗိုလ်အပါအဝင် (၁၁)ယောက်သေပြီး (၄)ယောက်အရှင် ဖမ်းမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်း ဆီကသိရပါတယ်။

read more

ရန်ကုန်၊နိုဝင်ဘာ(၁၀) ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ ၁၀၂၇စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေပြီး ကွမ်းလုံမြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ နိုဝင်ဘာ(၉) ရက်စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

read more

ရန်ကုန်၊နိုဝင်ဘာ(၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅၀) သေ၊ (၂၁)ယောက် လက်နက်ချခဲ့သလို PDF ရဲဘော် (၃)ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

read more

ရန်ကုန်၊နိုဝင်ဘာ(၆) ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့မှာရှိတဲ့ နမ့်ခမ်းရဲစခန်းကို မနေ့ မနက်က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်တယ်လို့ တအာင်းတပ်မတော် PSLF/ TNLA သတင်းနှင့်ပြန်ကြားရေး ဆီကသိရပါတယ်။ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ ရဲစခန်းကို မနေ့(နိုဝင်ဘာ၅)ရက် မနက်(၆)နာရီကျော်ချိန်က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

read more