ရန်ကုန်၊ မေ (၂၉) စိန်ပန်းအကွက်မှူး တာဝန်ခံအဖြစ် လူသိများတဲ့ သတင်းပေးဒလန် ကိုရန်နိုင်ကျော် (ခ) ထော့ကျိုး ကို ပစ်ခတ်ရှင်းလင်းချိန် အတူပါလာတဲ့ ကိုအောင်မိုးကျော် ပါ ကျည်ဆံထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့ (မန္တလေး) က ပြောပါတယ်။

read more

ရန်ကုန်၊ မေ (၂၈) မူးယစ်ဆေးဝါး WY ဝယ်ပြီး ပြန်လာတဲ့ ဗိုလ်ကြီးရန်နိုင်ထွေး ကို စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ နေပြည်တော် မြို့ခံပြည်သူတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မေ (၂၈) နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး ပြည်သူလူထုရဲ့ ပစ္စည်းတွေကို ခိုးယူလုနှိုက်နေတာတွေကို ရပ်တန်းကရပ်ဖို့ ညီညီအောင် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၀) ဖွဲ့က ဒီနေ့မှာ နောက်ဆုံးအနေနဲ့ သတိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မေ (၂၈) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်သုံးအိုင်ရွာ နဲ့ ဒေါင်အိုကြီးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Urban ကျားကြီး လို့ နာမည်ပေးထားတဲ့ လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ 27 Revolution Forces ဆီက သိရပါတယ်။

read more

ဝါး၊ ဓနိနှင့် တာလပတ်အမိုးအကာများဖြင့် အဓိကဆောက်လုပ်ထားသည့် နေအိမ်တဲများကို ယောကျ်ားသားများက ခန္ဓာကိုယ်တွင် အဝတ်ပင်မကပ်နိုင်ပဲ အင်တိုက်အားတိုက် ဖြိုဖျက်နေကြသည်။ နေအိမ်တဲများပေါ်ရှိ တစ်နိုင်သယ်နိုင်သည့် လူသုံးကုန်ပစ္စည်းနှင့် အဝတ်အစားထုပ်များကို အမျိုးသမီးများနှင့် ကလေးငယ်များက လမ်းမပေါ်သို့သယ်ထုတ်နေကြသည်။

read more

ရန်ကုန်၊ မေ (၁၈) ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့က KTV တစ်ခုမှာ ဒုရဲအုပ် အောင်မွန်ဟိန်း မူးယစ်သောက်စားပြီး အိပ်ပျော်သွားချိန် သေနတ်၊ ကျည်ဆံ၊ ဖုန်း နဲ့ ပိုက်ဆံတချို့ အခိုးခံရလို့ မြို့အတွင်းက နေရာတချို့မှာ ပိတ်ဆို့ ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ မေ (၁၈) မြန်မာနိုင်ငံအတွင်းမှာ အမှန်တကယ် ငြိမ်းချမ်းရေးကို ရယူလိုပါက မင်းအောင်လှိုင် တစ်ဦးထဲရဲ့ ရူးသွပ်တဲ့ စိတ်ဆန္ဒတစ်ခုထဲအပေါ် အခြေခံပြီး လုပ်ဆောင်မယ်ဆိုပါက အောင်မြင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားပါတယ်။

read more

ရန်ကုန်၊မေ(၁၈) အကြမ်းဖက် စစ်အုပ်စုရဲ့ အတားအဆီးတွေကို ပုံစံမျိုးစုံနဲ့ ခက်ခက်ခဲခဲဖြတ်သန်းပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရသူတွေအတွက် ဧပြီလတစ်လအတွင်းမှာပဲ ကျပ်သန်း (၁၀၀) ကျော် ကူညီထောက်ပံ့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ မေ (၁၈) အမေရိကန်နိုင်ငံကို ရောက်ရှိနေချိန် လူပုံအလယ်မှာ ဖိနပ်နဲ့ ပစ်ပေါက်ခံရတာဟာ ပြဿနာအသေးအမွှား မဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က ပြောဆိုလိုက်ပါတယ်။

read more