“CDM တွေရဲ့ ဘ၀ အမှန်ကို ပြောရရင် CDM တော်တော်များများက အဆင်မပြေကြဘူး။ အဆင်မပြေတာများတယ်။ ကြုံသလို ရုန်းကန်နေရတယ်။ တော်တော်များများက CDM ဆရာဝန်တွေလည်း ပန်းရံဆင်းနေရတာတွေ မြင်နေရတယ်။ ကျွန်တော်တို့ ပန်းရံ သွားဆင်းရင် CDM ဆရာဝန်တွေလည်းပါတယ်။ ကျွန်တော်တို့လို CDM အင်ဂျင်နီယာတွေလည်းပါတယ်။ အရာရှိတွေလည်း ပါတယ် အဲ့လိုတွေ တွေ့နေရတယ်။” ဧရာ၀တီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က CDM လက်ထောက်အင်ဂျင်နီယာ ဦးသီဟဝင်း တို့မိသားစုဟာ အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း ကြုံတွေ့နေရဆဲဖြစ်တဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို အခုလို ပြောပြပါတယ်။

read more

မီးမလာလို့ မီးစက်နိုးထားတဲ့အသံက ဆူညံလွန်းနေတာကြောင့် ခန်းမထဲက လူအုပ်ကြီးဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ကြေညာသံကို အာရုံစိုက်ပြီး နားထောင်နေကြရပါတယ်။

read more

ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော် AA နဲ့ မြန်မာစစ်တပ်တို့အကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ လေးလကျော်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၉ မြို့နယ်အထိ ရှိနေပြီဖြစ်ပါတယ်။

read more

ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းသာယာမှုမရှိခဲ့တဲ့ အတိတ်ကာလဆီကို လှမ်းကြည့်မိတိုင်း ဝမ်းနည်းစရာအဖြစ် အပျက်တွေနဲ့ကြုံနေတဲ့ အခြေအနေတစ်ခုကို ကြုံခဲ့ရဖူးပါတယ်။ လူအုပ်စု တစ်စုနဲ့ အုပ်စုတစုကြားမှာ ရန်ညှိုးတွေဖွဲ့ပြီး အတူယှဉ်တွဲနေထိုင်ဖို့ ခက်ခဲခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။

read more

ဘာသာရေးခွဲခြား ဆက်ဆံခံရတယ်ဆိုတာ အစ္စလာမ်လူမျိုးတွေအတွက် ရိုးရာတစ်ခုလို ဖြစ်နေပြီး အချိန်တန်ရင် နင်တို့ဟာ ကုလား၊ ကုလားမ ပဲဖြစ်မှာပါဆိုတဲ့ အတွေးမျိုးနဲ့ တချို့အစ္စလာမ်တွေက တော်လှန်ရေး မပါဝင်ကြတော့ဘူးလို့ PDF တပ်ဖွဲ့ဝင်ဟောင်း ရဲဘော်ချောကလက် C8 News မီဒီယာကို ပြောပါတယ်။

read more

စစ်ကောင်စီက လိုက်လံဖမ်းဆီးလို့ တိမ်းရှောင်နေထိုင်ခဲ့ရတဲ့ ကာလအတွင်း သင်္ကန်းအရေခြုံထားတဲ့ ဘုန်းကြီးရဲ့ အဓမ္မပြုကျင့်တာနဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကို ခံခဲ့ရပေမယ့် တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေတဲ့ PDF တပ်ဖွဲ့ဝင်ဟောင်း ဒီမွန်းသက္ကရာဇ် က C8News မီဒီယာရဲ့ သီးသန့်အင်တာဗျူးမှာ သူတွေကြုံခဲ့ရတဲ့ အခြေအနေတွေကို ပြောပြထားတယ်။

read more

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု အနှစ် ၆၀ ကျော်အတွင်း အဆိုးရွားဆုံးကာလတွေရဲ့ တတိယမြောက်နှစ်အဖြစ် ၂၀၂၃ ခုနှစ်ဟာလည်း စာရင်းဝင်သွားပြီဖြစ်ပါတယ်။

read more

“အညာသား” တွေလို့ ခေါ်ဝေါ်တဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေဟာ ကိုယ့်ဆန်ကိုယ်စားကာ စစ်ကောင်စီကို ရရာ လက်နက် ကိုင်ဆွဲပြီး တွန်းလှန် တိုက်ခိုက်နေတာ အခုဆို (၃) နှစ်နီးပါးရှိပါပြီ။ မြန်မာနိုင်ငံရဲ့ မြောက်ဘက် အရပ်မှာ နေထိုင်သူတွေကို “အညာသား” တွေလို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

read more

အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာပြီးတဲ့နောက် စစ်ကောင်စီဌာနချုပ်ဖြစ်တဲ့ နေပြည်တော်အနီးတဝိုက်အထိ တိုက်ပွဲတွေ ရှိလာတာကို စစ်ကောင်စီကိုယ်တိုင် ဝန်ခံလာရပါတယ်။

read more

“အာဏာမသိမ်းခင်က လေ့ကျင့်ပဲ လေ့ကျင့်ရတာ။ အမြဲတမ်းအသင့် ပုံစံမျိုးပေါ့။ အာဏာသိမ်းပြီးတော့ တကယ်ကို ကင်းစောင့်ရတာ။ တကယ်ကို လုံခြုံရေး ယူပေးရတာ” လို့ CDM ဒုတပ်ကြပ်ရဲ့ ရဲမေ(ဇနီးသည်) ဒေါ်ချိုချိုမြင့် ကပြောပါတယ်။

read more