ရန်ကုန်၊အောက်တိုဘာ(၃၀) အောက်တိုဘာ(၂၇)ရက်နေ့မှာ ညီနောင်မဟာမိတ် (၃)ဖွဲ့က ၁၀၂၇စစ်ဆင်ရေး (1027 Operation) အမည်နဲ့ စတင်ခဲ့တဲ့ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြတဲ့ မြန်မာပြည်သူလူထု တစ်ရပ်လုံး အပါအဝင် အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်း မနေ့က ရက်စွဲနဲ့ ထုတ်ပြန်အသိပေးထားပါတယ်။

read more

ရန်ကုန်၊အောက်တိုဘာ(၂၉) ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းက မအူပင်သစ်တောစခန်းနဲ့ ဂဇတ်ကြီးသစ်တောစခန်း ကို တစ်ချိန်ထဲ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်း ဖြစ်ပါတယ်။

read more

ရန်ကုန်၊အောက်တိုဘာ(၂၉) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ ရှိတဲ့ခမရ(၃၂၄)အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကတိုက်ခိုက်နေပြီး စခန်းသိမ်းနိုင်မယ့် အလားအလာရှိတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

read more

ရန်ကုန်၊အောက်တိုဘာ(၂၉) ပြည်သူလူထု ထိတ်လန့်စေဖို့ ကြံရွယ်ပြီး မမှန်သတင်းတွေ ဖြန့်ဝေတာ အစိုးရဝန်ထမ်းတွေ ပြစ်မှုကျူးလွန်လာစေဖို့ ရည်ရွယ်လှုံဆော်တာတွေ လုပ်ခဲ့တယ်ဆိုပြီး မနေ့ကညပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ် ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊အောက်တိုဘာ(၂၉) မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) နဲ့ တအာင်းတပ်မတော်(TNLA) တပ်တွေ ပူးပေါင်းပြီး ဒီနေ့မနက်အစောပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို သွားရောက် တိုက်ခိုက်ခဲ့လို့ စစ်သား(၆)ယောက် သေဆုံးပြီး သေနတ်(၇)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းတပ်မတော် ဆီကသိရပါတယ်။

read more

ရန်ကုန်၊အောက်တိုဘာ(၂၉) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ဒီနေ့(အောက်တိုဘာ၂၉)ရက် မနက်(၄)နာရီကျော်အချိန်မှာ ကိုးကန့် MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား(၃)ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊အောက်တိုဘာ(၂၉) အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေနဲ့ ဂိတ်တွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့ ၁၀၂၇စစ်ဆင်ရေး (1027 Operation) စစ်ဆင်ရေးမှာ ၂၄ နာရီအတွင်း စစ်ကောင်စီစခန်း ၄၀ ကျော် သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် သံချပ်ကာ ကားတွေရှိတဲ့ တပ်စခန်းတွေ ပါဝင်တယ်လို့ တိုက်ပွဲဒုတိယနေ့ဖြစ်တဲ့ အောက်တိုဘာ(၂၈)ရက် ညပိုင်းမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

read more

ရန်ကုန်၊အောက်တိုဘာ(၂၈) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ခလရ၂၈၄ ဗဟိုကင်းတဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက် သေဆုံးတာရှိနိုင်ပေမယ့် စာရင်းအတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

read more

ရန်ကုန်၊အောက်တိုဘာ(၂၈) ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) ကဆောင်ရွက်နေတဲ့ ၁၀၂၇စစ်ဆင်ရေး (1027 Operation) ကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ မိုးလုံးမှိုင်းစစ်ဆင်ရေး အရှိန်မြှင့်မယ်လို့ မိုးကုတ်တပ်ရင်းတွေ ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊အောက်တိုဘာ(၂၈) စစ်ကိုင်းတိုင်းဒေသကြီး၊ အုန်းတောကျေးရွာမှာရှိတဲ့ အမှတ် ၆၀၀၅ တင့်ကားတပ်နဲ့ ညောင်ငုတ်တို ပျူစောထီးကျေးရွာကို မနေ့ (အောက်တိုဘာ၂ရ)ရက်က ဗုံးသီး(၆)လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Phoenix-Sagaing ဆီကသိရပါတယ်။

read more