အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာပြီးတဲ့နောက် စစ်ကောင်စီဌာနချုပ်ဖြစ်တဲ့ နေပြည်တော်အနီးတဝိုက်အထိ တိုက်ပွဲတွေ ရှိလာတာကို စစ်ကောင်စီကိုယ်တိုင် ဝန်ခံလာရပါတယ်။

read more

ရန်ကုန်၊စက်တင်ဘာ(၃၀) အာဏာသိမ်းပြီးနောက် ပြည်ပနိုင်ငံတွေကနေ အကူအညီ၊ အထောက်အပံ့တွေ မရတော့တာကြောင့် ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်မှုရှိအောင် ဆောင်ရွက်ခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၃၀) မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက ပြောပြလို့ မရအောင် ဆိုးရွားပြီး ကြေကွဲဖွယ်ကောင်းတဲ့ အခြေအနေတွေကို အပြီးတိုင် ရပ်တန့်ဖို့ ထိရောက်ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ လိုတယ်လို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

read more

ရန်ကုန်၊စက်တင်ဘာ(၃၀) ကရင်နီအမျိုးအသားများကာကွယ်ရေးတပ်၊ ကွန်မန်ဒို စစ်ကြောင်းက စစ်ကြောင်းမှူး ကာဗြေလယ်(ခ)ကြက်ဖ ဈာပနာအခမ်းအနား ကျင်းပခဲ့တဲ့ မြင်ကွင်း ဓါတ်ပုံတွေ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၂၈) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအနီးက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒီနေ့ မနက် (၅) နာရီကျော်က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီကသိရပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၂၇) ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အောင်ချမ်းသာလမ်းနဲ့ ဘုရားလမ်းကြား ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ လူငယ် (၃) ယောက်ကို စစ်တပ်က စစ်ကား DC တစ်စီးနဲ့ လာရောက် ဖမ်းဆီးသွားပြီးနောက် ကမာရွတ်မြို့မ ရဲစခန်းအတွင်းက ခေါ်ဆောင်သွားကြတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက C8 News ကို ပြောပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၂၇) စစ်ကောင်စီဟာ အခုချိန်မှာ သူတို့ရဲ့ စစ်စခန်း (၆၀) ကျော်ကို ဆုံးရှုံးနေပြီ ဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN ကထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၂၅) စစ်ကောင်စီရဲ့ ကားတွေကို သီးသန့်တိုက်ခိုက်နိုင်ဖို့ မိုင်းထုတ်လုပ်မှု စတင်နေပြီ ဖြစ်တယ်လို့ JOKER SBDF အဖွဲ့ဟာ မနေ့က အသိပေးလိုက်ပါတယ်။

read more

ရန်ကုန်၊ စက်တင်ဘာ (၂၂) ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မြို့တွင်းကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ကြည်စိုး ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲ ကပြောပါတယ်။

read more

ရန်ကုန်၊စက်တင်ဘာ(၂၁) ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ရေတလျောက်စခန်းကို KNLA တပ်ရင်း (၁၈) နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်း ဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲကို အခုလ(၁၄)ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် မိနစ်(၃၀) အတွင်းမှာ စခန်းတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား(၉)ယောက် သေဆုံးခဲ့သလို စခန်းစွန့်ခွာထွက်ပြေးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ရေတလျောက်စခန်းကို KNLA တပ်ရင်း (၁၈) ၊ Special Operation Group(SOG)တပ်ဖွဲ့ ၊ ဧရာဝတီအင်အားစု တပ်စု ၊ Dawna Phoenix Drone Team နဲ့ Tiger Dragon Revolution Force တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

read more