စစ်တပ်က အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း CDM ဝန်ထမ်းတွေက သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေအကြောင်းကို C8 News တွေ့ဆုံမေးမြန်းထားပါတယ်။

read more

CDM ပြုလုပ်ပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း စိန်ခေါ်မှု အခက်အခဲတွေ တွေ့ကြုံနေရပေမယ့် ကြံ့ကြံ့ခိုင် ဖြတ်သန်းနေဆဲဖြစ်တဲ့ ဧရာ၀တီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က CDM လက်ထောက်အင်ဂျင်နီယာ ဦးသီဟဝင်း တို့ မိသားစုရဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

read more

“CDM တွေရဲ့ ဘ၀ အမှန်ကို ပြောရရင် CDM တော်တော်များများက အဆင်မပြေကြဘူး။ အဆင်မပြေတာများတယ်။ ကြုံသလို ရုန်းကန်နေရတယ်။ တော်တော်များများက CDM ဆရာဝန်တွေလည်း ပန်းရံဆင်းနေရတာတွေ မြင်နေရတယ်။ ကျွန်တော်တို့ ပန်းရံ သွားဆင်းရင် CDM ဆရာဝန်တွေလည်းပါတယ်။ ကျွန်တော်တို့လို CDM အင်ဂျင်နီယာတွေလည်းပါတယ်။ အရာရှိတွေလည်း ပါတယ် အဲ့လိုတွေ တွေ့နေရတယ်။” ဧရာ၀တီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က CDM လက်ထောက်အင်ဂျင်နီယာ ဦးသီဟဝင်း တို့မိသားစုဟာ အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း ကြုံတွေ့နေရဆဲဖြစ်တဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို အခုလို ပြောပြပါတယ်။

read more

မီးမလာလို့ မီးစက်နိုးထားတဲ့အသံက ဆူညံလွန်းနေတာကြောင့် ခန်းမထဲက လူအုပ်ကြီးဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ကြေညာသံကို အာရုံစိုက်ပြီး နားထောင်နေကြရပါတယ်။

read more

ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော် AA နဲ့ မြန်မာစစ်တပ်တို့အကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ လေးလကျော်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၉ မြို့နယ်အထိ ရှိနေပြီဖြစ်ပါတယ်။

read more

ရခိုင်၊ ဧပြီ (၆) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ် ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ ရက္ခိုင့်တပ်တော် AA က ပြောပါတယ်။

read more

ရန်ကုန်၊ ဧပြီ (၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ကျောက်မြောင်းလမ်း၊ သန်းထိုက်အောင်ဆီဆိုင်အနီးမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီအဖွဲ့ကို မနေ့ နေ့လယ်က မိုင်း (၃) လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီအဖွဲ့ဝင် နှစ်ယောက် နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ JOKER SBDF က ပြောပါတယ်။ စစ်ကောင်စီဟာ သေဆုံးသွားတဲ့ အလောင်းတွေကို သယ်ယူသွားပြီး ရွှေဘိုမြို့အတွင်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ နေရာဆီက MA1 ကျည်ဘောက်တစ်ခုနဲ့ 5.56 ကျည်တချို့ သိမ်းဆည်းရခဲ့တယ်လို့ JOKER SBDF က ပြောပါတယ်။

read more