ရန်ကုန်၊မတ်(၂၉) အကြမ်းဖက်အဖွဲ့အစည်းတွေလို့ သတ်မှတ်ထားတဲ့အဖွဲ့တွေနဲ့ ထောက်ပံ့နေတဲ့ အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အထိ နှိမ်နင်းဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုနေချိန်မှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က တပ်မတော် လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်သူတွေ၊ တိုင်းရင်းသားပြည်သူတွေ နဲ့ အကျိုးဆောင်တွေအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၈) စစ်ကောင်စီ သတင်းပေး သူလျှိုတွေ၊ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ မတ်လ (၃၁) ရက် နောက်ဆုံးထားပြီး အမြန်ဆုံး နှုတ်ထွက်ကြဖို့ကို တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ သတိပေးပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၈) အောင်ဆန်းတပ်ဖွဲ့က တပ်ခွဲ (၁)၊ တပ်စု (၁) က ရဲဘော် အောင်ဆန်းဦး (ခ) ကိုဦး နဲ့ ရဲဘော် ကျော်ဇင်မျိုး (ခ) အရှည်ကြီး တို့ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခဲ့လို့ ဝမ်းနည်းကြောင်း Aung San Force-A.S.F ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊မတ် (၂၈) မနေ့က ကရင်ပြည်နယ်၊ ဝေါ်လေတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား (၆၁) ဦး သေဆုံးခဲ့တယ်လို့ Cobra Columnက ဒီကနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၈) ရန်ကုန်မြို့၊ ဘုရင့်နောင် ၅၃၂ တပ်ရင်းနားမှာ အဝေးထိုင်းမိုင်း (၂) လုံးပေါက်ကွဲခဲ့ပြီး ဖောက်ခွဲမှုပြုလုပ်ချိန် လမ်းသွားလမ်းလာ ပြည်သူ (၃) ဦး ထိခိုက်သွားတဲ့လို့ Gods Of Death က အနူးအညွတ်တောင်းပန်တယ်လို့ ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၈) ပြည်သူတွေအနေနဲ့ လမ်းတွေပေါ်ကျနေတဲ့ ပါဆယ်ထုတ်တွေ၊ ပုံးတွေ စတာပစ္စည်းတွေကို ကောက်ယူဖွင့်ကြည့် စပ်စုတာ မပြုလုပ်ဖို့ PDF အဖွဲ့ (၃) ခုက အထူး အထူး သတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၆) အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာအောက်မှာရှိတဲ့ နိုင်င်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်၊ ဇော်ဟိန်း နဲ့ ကိုကိုဦး တို့ကို မနေ့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ထည့်သွင်းလိုက်ပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၃) နွေဦးတော်လှန်ရေး ကာလအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို မြို့ရော၊ တောပါ မကျန် ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲဘော်အင်အားကလဲ သောင်းဂဏန်းကျော် ရှိနေပြီဖြစ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ကို တန်ပြန်ခြိမ်းခြောက်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၃) သတင်းပေးဒလန်တွေ၊ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို ရှင်းလင်း သုတ်သင်မှုတွေ ပြုလုပ်မယ်ဆိုပါက ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံတွေဆီကို အသိပေးအကြောင်းကြားဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SGZL က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၃) စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ ဒေါက်တိုင်တွေ အနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို အနိုင်ကျင့် ဖမ်းဆီး လုယက်တာတွေ နောက်ထပ်မပြုလုပ်ဖို့ ရာစုသစ်တော်လှန်ရေးသေမင်းလက်ရာအဖွဲ့ တာဝန်ခံ ဗိုလ်လက်ဝဲ က သတိပေးပြောဆိုလိုက်ပါတယ်။

read more