Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁၈)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံပြည်သူ (၅) ဦး ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ကရင်အမျိုးသားမီဒီယာက အတည်ပြုရေးသားထားပါတယ်။

အခုချိန်ထိ လေးကေ့ကော်မြို့ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ် (BGF) နဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Photo- ကရင်အမျိုးသားမီဒီယာ