Spread the love

ရန်ကုန်၊ ဒီဇင်ဘာ(၁၈)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီး ထောင်ကျဝတ်စုံ ဖြစ်တဲ့ ယောဂီထမီ၊ အပေါ်ပိုင်းအင်္ကျီအဖြူနဲ့ ဒီဇင်ဘာ(၁၇)ရက်နေ ရုံးချိန်းမှာ မြင်တွေ့ခဲ့ရအကြောင်းကို CNA သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

မြန်မာရိုးရာဝတ်စုံကို အမြဲတမ်း ကျေ့ရှင်းလှပစွာ ဝတ်ဆင်ပြီး တခါတရံ ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ယခုလို ပထမဆုံးအကြိမ် ထောင်ကျဝတ်စုံနဲ့ တရားရုံးမှာ တွေ့မြင်ရတာဖြစ်တယ်လို့ သတင်းထဲမှာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို တစ်ဒါဇင်နီးပါးဝန်းကျင်ရှိတဲ့ အမှုတွေနဲ့ စွဲချက်တင်ထားကာ အဲ့ဒီအမှုအားလုံးကို စီရင်ချက်ချပါက ထောင်ဒဏ် အနှစ် (၁၀၀) ကျော်အထိ ချမှတ်နိုင်ပြီး သူမက အဲ့ဒီအမှုအားလုံးကို ငြင်းဆိုထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်မြို့တော်ဝန်ဟောင်း ဦးမျိုးအောင်ကိုလည်း ထောင်ကျဝတ်စုံနဲ့ တွေ့မြင်ခဲ့ရတယ်လို့ အမည်မဖော်လိုသူ တစ်ဦးထံက သိရှိရတယ်ဆိုတဲ့အကြောင်းကို ရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်း- https://www.channelnewsasia.com/asia/aung-san-suu-kyi-myanmar-court-prison-uniform-longyi-2386881?fbclid=IwAR3-doHQYykVrovhr-OaQAidVL-V0wxc8ZJ9zETJnfPVOhUsIxz1wIjNX64