Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၁၉)

အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ် (Karnataka) နဲ့ ကီရာလာပြည်နယ် (Kerala) တွေမှာ ပိုးတွေ့ရှိမှု (၁၀) ခုကို ကြေငြာပြီးနောက် အိန္ဒိယရဲ့ ကိုဗစ် ၁၉ မျိုးကွဲ ဗိုင်းရပ်စ် အိုမီခရွမ် (Omicron) တွေ့ရှိမှု အရေအတွက်ဟာ ဒီဇင်ဘာ (၁၈) ရက် စနေ့နေ့မှာ (၁၂၆ ) ခု အထိ မြင့်တက်လာခဲ့ပါတယ်။

ဗဟိုအစိုးရနဲ့ ပြည်နယ်တာဝန်ရှိသူတွေရဲ့ ပြောစကားအရ အိုမီခရွမ် omicron ဖြစ်ပွားမှုတွေကို ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေ စုစုပေါင်း (၁၁) ခုထိ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

ကာနာတာကာ ပြည်နယ်(Karnataka) မှာ ဒီဇင်ဘာ (၂) ရက်က အိုမီခရွန်ကူးစက်ခံရမှု (၂) ခု တွေ့ရှိခဲ့ရပြီး အဲ့ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး အိုမီခရွန် တွေ့ရှိမှုပါ။

ကူးစက်နှုန်းအလွန်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗားရှင်းအသစ် အိုမီခရွန်ကို တောင်အာဖရိကမှာ နိုဝင်ဘာ (၂၄) ရက်က ပထမဆုံးတွေ့ရှိခဲ့တာလို့ တရားဝင် သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အခုထပ်မံတွေရှိတဲ့ အိုမီခရွန် Omicron ကိုရိုနာဗိုင်းရပ်မျိုးကွဲကို နိုင်ငံပေါင်း (၈၉) နိုင်ငံက ကူးစက်ခံနေရပြီး ကူးစက်ခံထားရတဲ့ ရပ်ရွာဒေသတွေမှာ (၁) ရက်ခွဲကနေ (၃) ရက်အတွင်း ရောဂါဖြစ်ပွားမှု နှစ်ဆတိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း- https://indianexpress.com/article/india/omicron-coronavirus-india-live-updates-7678694/?fbclid=IwAR3TJuTpUp2oXYk9_sXbayOkSSEXLI18JC_mLa75bKsFqpwr9oa6ZDI3Njc