Spread the love

စစ်ကိုင်းက အုပ်ကြီး သေနတ်ပစ်ခံရလို့ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ (၂၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစံပြကျေးရွာ မှာ နေထိုင်တဲ့ သတင်းပေးဒလန်လို့ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း သေနတ်ပစ်ခံရလို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ နဲ့ Sagaing Special Attacking Force (SSAF) အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၉) ရက် ည (၇) နာရီမှာ အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း ကို သေနတ်နဲ့ ပစ်ခတ်ပြီး ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။

လှိုင်လှိုင်ဝင်းဟာ အရင်က အပြစ်မဲ့ပြည်သူနှစ်ဦး ဗြောက်အိုးဖောက်တာကို PDF အဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး စစ်ကောင်စီတွေကို သတင်းပေးဖမ်းခိုင်းခဲ့တာမျိုးတွေလည်း ရှိတယ်ခဲ့တယ်လို့ မြင်းမူအနက်ရောင် သိမ်းဌက်အဖွဲ့ က လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

အုပ်ချုပ်ရေးမှူး လှိုင်လှိုင်ဝင်း ဟာ စစ်ကောင်စီ သတင်းပေး ဟုတ်၊ မဟုတ်ဆိုတာကို အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။