Spread the love

ရန်ကုန်၊ဒီဇင်ဘာ(၂၅)

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၇၈) လမ်း နဲ့ (၃၈) လမ်း ထောင့်မှာရှိတဲ့ စစ်တပ်ကခေါင်းဆောင်ပိုင်းတွေ ပိုင်ဆိုင်တဲ့ ရတနာပုံခန်းမ အနီးမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“ဒီနေ့မနက်(၇) နာရီကျော်လောက်ကပေါက်တာ၊ မိန်းခလေးတစ်ယောက် လာပစ်တာလို့သိရတယ် ပစ်ရင်းနဲ့ပေါက်သွားလို့ သူလည်းထိတယ်” လို့ မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

ရတနာပုံခန်းမ ဟာ စစ်တပ်ကအာဏာအဓမ္မသိမ်းယူပြီးနောက် မေ (၁၇) ရက်မှာ အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ နေရာဖြစ်ပါတယ်။