Spread the love

ရန်ကုန်၊ ဒီဇင်ဘာ(၃၀)

ဗကသများအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့ပြီးနောက် ထောင်ဝန်ထမ်းတချို့နဲ့ နှစ်ကြီးအကျည်းသားတွေက အကြမ်းဖက်နှိပ်စက်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ဆီက သိရပါတယ်။

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး ကို ပုံ‌စံခန်းကိုခေါ်ဆောင်ပြီး သပြေဆောင်မှူးက ဖိနပ်နဲ့ ပါးရိုက်ခဲ့ပြီး အကျဉ်းသား (၅) ‌ယောက်က (၂) ကြော့ပြန်ကာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့လို့ ကိုဝေယံဖြိုးမိုး ရဲ့ လည်ပင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး နံရိုးတွေကျိုးခဲ့တယ်လို့ All Burma Federation of Student Unions က ပြောပါတယ်။

ကိုဝေယံဖြိုးမိုး ဟာ အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပေမယ့် ထောင်အာဏာပိုင်တွေက အခုချိန်အထိ ဆေးဝါးကုသမှု မပေးခဲ့ဘူးလို့ သိရပါတယ်။

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ကိုဒီဇင်ဘာ (၂၉) ရက်နေ့မှာ ကျောက်တံတားမြို့နယ်တရားရုံးက မတရားစွဲဆိုထားတဲ့ ပုဒ်မ(၂) ခုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၂) နှစ် (၁) လချမှတ်ခဲ့တာဖြစ်ပါတယ်။