ရန်ကုန်၊ ဒီဇင်ဘာ (၃၁)
တောင်စွန်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။
“အာဏာသိမ်း စစ်ကောင်စီတပ်က အကြောင်းမကြားပဲနဲ့ တောင်းစွန်းကျေးရွာ အပြင်ဘက်ကို ထွက်သွားတာ။ ရွာရဲ့ ချောင်းတစ်ဖက်ကမ်း ဖူးဖာဒို့ နတ်စင်မှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်နဲ့ တိုက်ပွဲဖြစ်တာ၊ (၅)မိနစ် လောက်ပဲ ကြာတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒီနေ့ မနက် (၈) နာရီကျော်က စစ်ကောင်စီတပ် ခလရ ၂၈၃ တပ်ရင်း နဲ့ KNLA တပ်ရင်း ၁၆ ၊ လက်အောက်ခံ တပ်ခွဲ ၂ တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်နေလို့ မွန်ပြည်နယ်၊ တောင်စွန်းရွာ က ဒေသခံရွာသားတွေ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။