Spread the love

ရန်ကုန်၊ ဒီဇင်ဘာ(၃၁)

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း မှာနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝေဇင်အောင် ကို အမည်မသိသူနှစ်ဦးက ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“မနက်ကရပ်ကွက်ရုံးရှေ့မှာ ကွမ်းယာဝယ်တုန်းအပစ်ခံရတာ၊ လေးငါးချက်လောက်ထိတယ်၊ သူ့ဦးလေးလည်းထိတယ်၊ အုပ်ကြီးဆိုတဲ့ကောင်က ဆေးရုံပို့ပြီး နေ့လည်ပိုင်းလောက်မှာ သေတယ်လို့ သိရတယ်” လို့ အမည်မဖော်လို့တဲ့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက်(၈) နာရီကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝေဇင်အောင် ကို ဘက်ထရီစက်ဘီးစီးလာသူ နှစ်ဦးကပစ်ခတ်ခဲ့တဲ့အတွက် ဝမ်းဗိုက်နဲ့ ယာပေါင်မှာ ကျည်ထိမှန်ခဲ့ပြီးနောက် ဆေးရုံကိုပို့ဆောင် ဆေးကုသပေးနေချိန် ဒီနေ့နေ့လည်ပိုင်းမှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန်တိုင်းအတွင်းက ကော့မှူးမြို့နယ်၊ ကျိုက်ထောက်ကျေးရွာက ရာအိမ်မှူး (၂) ဦး နဲ့ လှိုင်မြို့၊ (၆) ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်း က အုပ်ချုပ်ရေးမှူး မောင်ထွေး တို့သေနတ်ပစ်ခံခဲ့ရပါသေးတယ်။