Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၃၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မိုးကောင်းစစ်ဆေးရေးဂိတ် မှာ ဒီနေ့ နေ့လည်(၂) နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဗုံးဖောက်ခွဲမှုကို မုံရွာမြို့နယ်က ညီနောင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တခြားသောနေရာတွေမှာလည်း ဗုံးဖောက်ခွဲမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ညနေ (၄) နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ Monywa Heroes Group က သတိပေး ပြောကြားထားပါတယ်။

ဒီနေ့ နေ့လည်ပိုင်းကလည်း မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။