Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၃၁)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ အနီး စီးတီးမတ် ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီ ဘက်တော်သား (၄) ဦး ဒီနေ့ နေ့လည်က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သမိုင်းလမ်းဆုံမီးပွိုင့် City Mart အရှေ့မှာ ဖြစ်သွားတာ၊ ကျနော်စီးလာတဲ့ YBS လိုင်းကားကို သေနတ်နဲ့ လှမ်းပစ်တာခံလိုက်ရတယ်။ ကားကမီးပွိုင့်ထိပ်မှာ ရောက်နေတဲ့အချိန် သူ့တို့ဆီလာ ပစ်တဲ့သူကို လှမ်းပစ်တာ။ သေနတ်အရာ၂ချက်ထိတယ်၊ YBS ကားမှန်စတွေ ကွဲထွက် သွားတယ်၊ ကျွန်တော် အပါအဝင်ကားပေါ်က လူတွေ အားလုံးလန့်သွားကြတယ်” လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပြပါတယ်။

လက်ရှိမှာ ပစ်ခတ်ကြောင့် လမ်းသွားလမ်းလာကားတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။