Spread the love

ရန်ကုန်၊ ဇန်နဝါရီလ (၂)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း အနီး နဲ့ ငွေတောင်ဆည် အနီး ဘုရားငုတ်တိုရွာ အနီးမှာ မနေ့ နေ့လည်ပိုင်းကနေ ညနေပိုင်းကအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် (၃) ဦး ထိခိုက်ဒဏ်ရာရိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ကရင်နီတပ်မတော် KA၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ KGZ နဲ့ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့တွေက ပူးပေါင်းထိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော် PDF တပ်ဖွဲ့ဝင် (၂) ဦး နဲ့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင် (၁) ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက မနေ့က ဒီးမော့ဆိုမြို့နယ် ကို စစ်ကြောင်း (၂) ကြောင်းနဲ့ ဝင်ရောက်လာပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာ၊ လုယက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။