Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြင့် လာမယ့်အခြေအနေဖြစ်နေလို့ ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ မပြုဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။

မနေ့ ညနေပိုင်းက မြို့မရဲစခန်းကပ်ရပ်က ဘုရားစေတီဝိုင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေ၊ KNDF နဲ့ ကရင်နီတပ်မတော် KA တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်တော်သား (၅) ဦး သေဆုံးသွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့က တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ KNDF့ ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဖက်ဒရယ် ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးသွားတဲ့ ရဲဘော်ကို KNDF က အမျိုးသားအာဇာနည်သူရဲကောင်း အဖြစ် လေးစားအသိမှတ်ပြု သမိုင်းမှတ်တမ်းတင်အပ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပါတယ်။