Spread the love

တောင်ကိုရီးယား ကနေထွက်ပြေးပြီး မြောက်ကိုရီးယားဘက် ကို ဘက်ပြောင်းခိုလႈံတဲ့ ရွားရွားပါးပါးဖြစ်ရပ်တစ်ခု ဖြစ်ပွား

ဆိုးလ်မြို့၊ ဇန်နဝါရီ (၂)

တောင်ကိုရီးယား နိုင်ငံသား တစ်ယောက်ဟာ လုံခြုံရေးတင်းကြပ်ပြီး အခိုင်အမာတည်ဆောက်ထားတဲ့ နယ်စပ်ကိုဖြတ်သန်းပြီး မြောက်ကိုရီးယား ဘက်ကို ဘက်ပြောင်းခိုလႈံတဲ့ ရွားရွားပါးပါးဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ် က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

“ည ၁၀ နာရီ ၄၀ မိနစ် မှာတော့ ဒီလူဟာ စစ်ဘက်ဆိုင်ရာ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ပြီး မြောက်ဘက်ကို ဘက်ပြောင်းသွားတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” လို့ JCS က ပြောပါတယ်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က စနေနေ့ည ဒေသစံတော်ချိန် (၉) နာရီ (၂၀) မိနစ်က စတင်ပြီး ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန် ရဲ့ အရှေ့ဘက်ခြမ်းကို ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။

မြောက်ကိုရီယားဘက်ကို ကူးပြောင်းသွားတဲ့ ပုဂ္ဂိုလ်ဟာ အသက်ရှင်လျက် ရွိ၊ မရွိကို အတည်ပြုနိုင်ခြင်းမရှိပေမယ့် အဲ့ဒီလူကို အကာအကွယ်ပေးဖို့ကိုတော့ တောင်ကိုရီးယား တပ်မတော်ရဲ့ အရေးပေါ် ဆက်သွယ်ရေးလိုင်းကတဆင့် မြောက်ကိုရီးယားဘက်ကို အကြောင်းကြားပေးပို့ထားပါတယ် လို့ JCS က ပြောပါတယ်။

https://www.reuters.com/world/asia-pacific/south-korean-crosses-armed-border-rare-defection-north-2022-01-02/?fbclid=IwAR16xM10Pfgh_3IgtCVfo7anxaODS3OF0fvdyfrPQKY836NEFDC2_d7J8Uo