Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၃)

ကယားပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲ နဲ့ ငွေတောင်ဆည် အနီး တိုက်ပွဲမှာ မနေ့က လွိုင်ကော် PDF ဘက်က ကျဆုံးသူ (၂) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ၊ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့ တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကြား မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ လွိုင်ကော် PDF သတင်းနှင့်ပြန်ကြားရေး အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီးမော့ဆိုတိုက်ပွဲ နဲ့ ငွေတောင်ဆည် အနီး (၃) ရက်ကြာ တိုက်ပွဲ အတွင်း လွိုင်ကော် PDF က ဒဏ်ရာရရှိသူ စုစုပေါင်း (၁၂) ဦး နဲ့ ကျဆုံး ရဲဘော် (၁) ဦး ရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်ကလည်း သေဆုံးသူတွေရှိခဲ့တယ်လို့ မြေပြင်ရဲဘော် တွေရဲ့ မျက်မြင်အတည်ပြုချက်အရ သိရပါတယ်။