Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၃)

ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ် မက်ဆီ နဲ့ တခြားကစားသမား သုံးဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ပြင်သစ်လီဂူး ၁ က ပြောပါတယ်။

မက်ဆီ နဲ့ အတူ ကူးစက်ခံထားရတဲ့ ကစားသမားတွေမှာ နောက်ခံလူ ဟွမ်ဘာနတ်၊ အရန်ဂိုးသမား ဆာဂျီယိုရီကို နဲ့ ကွင်းလယ်ကစားသမား နာသန်ဘစ်တီမာဇာလာတို့ဖြစ်ပြီး မက်စီအပါအဝင် ကစားသမားလေးဦးကို သီးခြားခွဲနေထိုင်စေတာနဲ့ သင့်လျော်တဲ့ ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာစွာထားရှိတယ်လို့ ပီအက်စ်ဂျီ အသင်းက မနေ့က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။