Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၅)

ကယားပြည်နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ ရဲ့ လက်နက်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်လိုက်ပါတယ်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နဲ့ ငွေတောင်ဆည် အနီးမှာ စစ်ကောင်စီတပ် တွေ နဲ့ ဒေသခံတိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။