Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၅)

စစ်ဝန်တောင် အတက်လမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရင်းမှူးအပါအဝင် (၁၆) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော်ဗဟိုဌာန Karenni Army Center က ပြောပါတယ်။

ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ စစ်ဝန်တောင် အတက် လမ်းမကြီးပေါ်မှာ မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီတပ်မတော် ကြား နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဝန်တောင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆) ဦး ထက်မနည်း သေဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ စစ်ဝန်တောင်စခန်း ကို ထားခဲ့ပြီး ထွက်ပြေးသွားတာ ဖြစ်တယ်လို့ KnACက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ သူတို့ စစ်ကြောင်းသွားမယ့်လမ်းကို လက်နက်ကြီးနဲ့ပစ်ပြီး ရှင်းလင်းတာ၊ ဘူဒိုဇာ နဲ့ ဘက်ဟိုးယာဉ် တွေကို အသုံးပြုပြီး လမ်းရှင်းလင်းတာ၊ ရောက်ရှိတဲ့ ကျေးရွာ တွေမှာ ညအိပ်တပ်ဆွဲတာ၊ ပြည်သူ့ အိုးအိမ် နဲ့ ဆိုင်ခန်းတွေကို ဖောက်ထွင်းတာ၊ ပစည်းခိုးယူတာအပြင် ပြည်သူအိမ်တွေကို မီးရိူ့ဖျက်စီးခဲ့တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ကရင်နီတပ်မတော်ဗဟိုဌာန ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။