Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၅)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ဘက်မှာ ဒီနေ့ မနက်အစောပိုင်းက တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ နဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တဲ့အတွက် လေးကေ့ကော်မြို့သစ် အတွင်းက နေအိမ်တချို့ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို သတင်းနှင့်ပြန်ကြားရေးဌာနက ပြန်လည်ဖော်ပြခဲ့ပါတယ်။
ဒီနေ့ မနက် လေးကေ့ကော်တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က (၄) ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။