Spread the love

ရန်ကုန်၊ ဇန်နဝါရီ(၅)

မြန်မာနိုင်ငံအတွင်း မဟာဗျူဟာ တစ်ရပ်အနေနဲ့ စစ်တပ်က စနစ်တကျ ကျူးလွန်နေတဲ့ အကြမ်းဖက် လူသတ်နေတာ တွေကို မင်းအောင်လှိုင် နဲ့ စစ်ကောင်စီ ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တွေက စီစဉ်လုပ်ဆောင်နေတာဖြစ်ပြီး အဲ့ဒီလိုကျူးလွန်နေကြတဲ့ စစ်အုပ်စုကို သူတိုနဲ့ လျော်ညီတဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာပေးဖို့ လုံခြုံရေးကောင်စီ ကို အမျိုးသားညီညွတ်ရေးအစိုး ရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က တောင်းဆိုလိုက်ပါတယ်။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ(၂၄) ရက်နေ့မှာ စစ်အောက်စီလက်အောက်ခံ တပ်မ(၆၆) ဟာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာ က ပြည်သူတွေကို အကြမ်းဖက်သမား တွေလို့ တံဆိပ်ကပ်ပြီး ကြိုးတုပ် ရိုက်နှက်ကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တဲ့အတွက် အရပ်သား (၄၂) ဦးအထိ သေဆုံးနိုင်ပြီး အဲဒီအထဲမှာ မသန်စွမ်း (၁) ဦး၊ အမျိုးသား (၂၆) ဦး နဲ့ အသက် (၁၂) အရွယ် မိန်းကလေး အပါအဝင် အမျိုးသမီး (၅) ဦး ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စတင်ခဲ့တဲ့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းယူမှုမှာ စစ်အုပ်စုဟာ ပြည်သူတွေကို အကြောက်တရား နဲ့ အုပ်ချုပ်ဖို့အတွက် ရက်စက်ကြမ်းကြုပ်တဲ့ ရာဇဝတ်မှုတွေကို ပမာဏအားဖြစ်ရော သဘာဝအားဖြစ်ပါ တိုးမြင့်ကျူးလွန်နေပြီး အဲ့ဒီအထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေ ပါဝင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။