Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၆)

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပေါက်ကံမြို့နယ်၊ တောင်ငူလမ်း၊ EPC ရုံး ဘေးက ဘောလုံးကွင်း ထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒီနေ့ မနက်အစောပိုင်းက ဗုံးပစ်ခံရလို့ စစ်သား (၁၀) ဦး ထပ်မနည်း ဒဏ်ရာရရှိပြီး ထိခိုက် သေဆုံးသွားခဲ့တယ်လို့ Yangon Fedral Army က ပြောပါတယ်။

ဘောလုံးကွင်းအတွင်း စစ်ကောင်စီတပ်သား (၃၀) ဦး ဝန်းကျင် တပ်စွဲနေထိုင် နေတာဖြစ်ပြီး Yangon Federal Army အဖွဲ့က M79 40 mm ဗုံးသီး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အခုပြုလုပ်ခဲ့တဲ့ Miss ဟာ ရန်ကုန်တိုင်းစစ်ဒေသစွဲကွပ်ကဲရေးအဖွဲ့ ရဲ့ ပျံလွှားအောင် စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ Yangon Federal Army အဖွဲ့ က ပြောပါတယ်။