Spread the love

ရန်ကုန်၊ ဇန်နဝါရီ(၇)

မန္တလေးတိုင်းဒေသကြီး၊ ချမ်း‌အေးသာစံမြို့နယ်၊ (၈၁)လမ်း၊ (၂၆) လမ်း နဲ့ ( ၂၇) လမ်းကြားမှာ ရှိတဲ့ စစ်တပ်ပိုင် မြဝတီဘဏ်မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“ဘဏ်ဖွင့်ပြီးသိပ်မကြာဘူး၊ ပေါက်ကွဲသံကြားရတော့တာပဲ၊ ဆိုင်ကယ် နဲ့လူနှစ်ယောက် လာပစ်တာလို့ကြားတယ်၊ လူ (၃) ယောက်ထိတယ်၊ ဘယ်အဖွဲ့က ပစ်တာလည်းတော့အသိဘူး” လို့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ငွေလာထုတ်သူ တစ်ဦး နဲ့ ဘဏ်ဝန်ထမ်း (၂) ဦးထိခိုက်မိခဲ့တာဖြစ်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာဘဲ မန္တလေးမြို့၊ (၇၃)လမ်း၊ (၁၀၇) လမ်း နဲ့ (၁၀၉) လမ်း ကြားမှာရှိတဲ့ MIIT ကျောင်း အရှေ့ဘက်နဲ့ ပုသိမ်ကြီးမြို့နယ် လဝကရုံး မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။