Spread the love

ရန်ကုန်၊ ဇန်နဝါရီလ (၈)

တပ်မတေော် အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နဲ့ ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်ကို တိကျစွာ လိုက်နာပေမယ့် တပ်မတော် ရဲ့ လှုပ်ရှားမှု စစ်ကြောင်းတွေ နယ်မြေလုံခြုံရေး နဲ့ နယ်မြေစိုးမိုးရေးစခန်း တွေကို လာရောက်ထိခိုက်တဲ့အတွက် ထိရောက်ပြင်းထန်စွာ မိမိကိုယ်မိ ခုခံကာကွယ်ပိုင်ခွင့်၊ တုန်ပြန်ဖို့ အခွင့်အရေးကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ပြောပါတယ်။

နယ်စပ်ဒေသတည်ငြိမ်ရေး နဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို နေ့ညမပြတ် ဆောင်ရွက်နေပေမယ့် အကြမ်းဖက်အဖွဲ့တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အလစ်အငိုက်ရယူပြီး နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းဆွဲ တိုက်ခိုက်တာတွေ အပြင် အများပြည်သူသွားလာနေတဲ့ နယ်စပ်လမ်းတစ်လျှောက် အဖျက်အမှောက်လုပ်ရပ်တွေကိုပါ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ သူတို့ က ဒီနေ့မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင် တွေ အနေနဲ့ ROE စည်းမျဉ်းစည်းကမ်း နဲ့ အညီ နယ်မြေဒေသ လုံခြုံရေးလုပ်ငန်းတွေကို တိုးမြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တပ်မတော် အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ၂၀၂၂ ခုနှစ်၊ ဖော်ဖော်ဝါရီ ၂၈ ရက်နေ့အထိ ထုတ်ပြန်ကြေညာချက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က အဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ပေါ်ပေါက်လာပြီး စစ်တပ်ကို တုန်ပြန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။