Spread the love

ရန်ကုန်၊ ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်း ပေါ်မှာ မနေ့ည (၉) နာရီ က ဆိုင်ကယ်လေးစီး နဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်လက်အောက်ခံအဖွဲ့ကို အစုလိုက်မိုင်း (၃) လုံးခွဲကာ တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ PDF က ပြောပါတယ်။

အဲဒီဖောက်ခွဲတိုက်ခိုက်မှုဟာ ဒီဇင်ဘာလ (၂၇) ရက်နေ့ က ပခုက္ကူအကျဉ်းထောင် စစ်ကြောရေး မှာ သတ်ဖြတ်ခံလိုက်ရတဲ့ ကိုမျိုးနိုင် အတွက် လက်တုန့်ပြန်တာလို့ Pakokku North PDF (PKU N PDF) က ထုတ်ပြန်ထားပါတယ်။

ပခုက္ကူမြို့၊ အမှတ်(၃)၊ ကွက်သစ်ရပ်ကွက် မှာ နေထိုင်တဲ့ ကိုမျိုးနိုင် ကို ဒီဇင်ဘာလ (၂၅) ရက်နေ့ က ပခုက္ကူမြို့နယ် မှာရှိတဲ့ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ဆိုကာ အကြမ်းဖက်စစ်တပ် က ဖမ်းပြီး စစ်ကြောရေးမှာ သတ်ပစ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။