Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၀)

စစ်ဗျူဟာအခြေချအဖွဲ့ မတူပီ – စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး ကောင်းသူဝင်း ဟာ ဒီဇင်ဘာလ (၂၃) ရက်နေ့က မိသားစု နဲ့ CDF ဆီ လက်နက် အပြည့်အစုံနဲ့ အလင်းဝင် ခဲ့တယ်လို့ သိရပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် (၅၂) ကျောင်းဆင်း ကိုယ်ပိုင်အမှတ်နံပါတ် ကြည်း- ၅၅၇၂၅ ဗိုလ်ကြီး ကောင်းသူဝင်း နဲ့ မိသားစုဟာ အခုလက်ရှိ မုံရွာမြို့ မှာ ကြားစခန်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေစဉ် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့တဲ့အတွက် သေနတ်၊ ကျည် အပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ Chinland Defense Force – Kalay Kabaw Gangaw က သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် လက်အောက် အလင်းဝင်ရောက်ခဲ့တဲ့ ဗိုလ်ကြီး ကောင်းသူဝင်း နဲ့ မိသားစုကို လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ နေရာဒေသကို ပို့ဆောင်ပေးပြီးဖြစ်သလို ထိုက်သင့်တဲ့ ဆုကြေးငွေ ကိုလည်း ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။