Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၃)

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွာတန်းရှည်ရပ်ကွက် နဲ့ မိုင်းလုံးရပ်ကွက် မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သေဆုံးခဲ့ပြီး ကောက်ယူ သင်္ဂြိုလ်ပေးမယ့်သူ မရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ပူးပေါင်းတပ် တွေက လူ့ဂုဏ်သိက္ခာနဲ့အညီ မီးရှို့သင်္ဂြိုလ်ပေးခဲ့တဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကယားပြည်နယ် အတွင်းက မြို့နယ် တချို့မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေးတပ် တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။