Spread the love

ခလရ (၂၆၈) တပ်သားတစ်ဦး လက်နက်အပြည့်စုံ နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် ဆီ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ (၁၄)

ခလရ (၂၆၈) တပ်သားတစ်ဦး လက်နက်အပြည့်အစုံ နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ဆီ ကို လာရောက် အလင်းဝင် ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာခဲ့တဲ့ တပ်သား ဇင်လင်းအောင်၊ ကိုယ်ပိုင်အမှတ် တ-၅၄၂၁၂၁ ဟာ အကြမ်းဖက်စစ်ကောင်စီ အပေါ် နာကျည်းချက်များစွာ ရှိနေခဲ့တဲ့အတွက် ပြည်သူ နဲ့ အတူ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ သူက ပြောပါတယ်။

ပြည်သူ့ဆီ အလင်းဝင် ခဲ့တဲ့ တပ်သား ကို ဆုကြေးငွေ ချီးမြှင့်ပေးခဲ့ပြီး ဖြစ်သလို လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်ပြီလို့ CNO/CNDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့ကလည်း စစ်ဗျူဟာ အခြေချအဖွဲ့ မတူပီ က စစ်ရေးအရာရှိ တတိယတန်း စစ်ထောက်တာဝန် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ကြီး ကောင်းသူဝင်းဟာ မိသားစု နဲ့ အတူ CDF ဆီ အလင်းဝင်ခဲ့ပါသေးတယ်။