Spread the love

ရန်ကုန်၊ဇန်နဝါရီ(၁၅)

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ဆိုခွန် ကအရင်ဘရူးနိုင်းကိုယ် စားလှယ်ရဲ့ချဉ်းကပ်မှုဟာ ဖြစ်ထွန်းမှုမရှိတဲ့အတွက် အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့မြန်မာနိုင်ငံရေးကိုဖြေရှင်းရာမှာ ချဉ်းကပ်မှာဖြစ်တယ်လို့ပြောဆို လိုက်ပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် သဘောတူပြီးသားပါ၊ မြန်မာကိုမသွားခင် တခြားအာဆီယံ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီးသူတို့အမြင်တွေကို မေးခဲ့ဖို့ကောင်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွစ်ဆရီ ဆာအိဖက်ဒင် အဘ္ဘဒူလာ ကပြောပါတယ်။

ဘရူနိုင်းနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ချိန်က အာဆီယံအထူးကိုယ်စားလှယ် ‌စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခွင့်တောင်းခံခဲ့ပေမယ့် စစ်ကောင်စီအဖွဲ့က တွေ့ဆုံခွင့်မပေးခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ကိုတက်ရောက်ခွင့်မပြုခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအဖွဲ့ကို လာရောက်တွေ့ဆုံတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ကိုမြန်မာပြည်သူတွေက သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် ဟွန်ဆန် ကသူ့ရဲ့ မြန်မာခရီးစဉ်က အပြုသဘောဆောင်တဲ့ အကျိုးဆက်ရှိနိုင်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။