Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၅)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ (၃၅) လမ်း၊ (၈၆) လမ်း နဲ့ (၈၇) လမ်း ကြားက EPC ရုံး ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေ က မနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပစ်ခတ်ချိန် လမ်းလျှောက်နေတေဲ့ စစ်ကောင်စီ တစ်ကောင် လှဲကျသွားတယ် ကျန်တစ်ကောင်က သဲအိပ်ဘန်ကာအောက်ကို ဝင်ပုန်းတာလား ကျွန်တော်တို့ပစ်လို့ လှဲကျသွားတာတော့ အတည်မပြုနိုင်ပါသေးဘူး။” Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်လင်းယုန် က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့လိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီတွေ အနေနဲ့ သတ္တိရှိရင် မောင်းပြန်ချင်း ယှဉ်ပစ်မယ်။ လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို လက်နက်ပြပြီး အနိုင်ကျင့်တဲ့လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြပါ။ ပြည်သူကမွေး ပြည်သူကကျွေးတဲ့ ပြည်သူ့ဘက်တော်သား ကျွန်တော်တို့က ပြည်သူကို အနိုင်ကျင့်တဲ့ လုပ်ရပ်များကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး” လို့ ဗိုလ်လင်းယုန် မနေ့က ထုတ်ပြန်ချက်မှာ သတိပေးပြောကြားထားပါတယ်။