Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၆)

Video- ပေးပို့

ကရင်နီပြည်နယ် (ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံရွာ နဲ့ လွိုင်ကော်မြို့နယ်၊ မိုင်းလုံရပ်ကွက် ဘက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ အသုံးပြုပြီး ဒီနေ့ ညနေ (၅) နာရီခွဲ က ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ပြည်သူတချို့ ထိခိုက်၊ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူ တွေက ပြောပါတယ်။

“ရှေ့အပတ်ကတော့ ကြိုတင်သတင်းရတော့ ပြည်သူတွေကြိုရှောင်တော့ ထိခိုက်မူမရှိဘူးဗျ။ အခုက ရုတ်တစ်ရက် လေယာဉ် နဲ့ လာပြီး ဗုံးကြဲချလိုက်တော့ စစ်ဘေးရှောင်အပြစ်မဲ့ ပြည်သူတွေ အတော်များများထိတယ်ဗျ။ ခုလက်ရှိတော့ (၃) ယောက် ထိထားတယ်။ အတိကျတော့ မသိရသေးဘူး။ ခုထိလေယာဉ်တွေနဲ့ ကြဲနေလို့ အခြေနေတွေက မတည်ငြိမ်လို့ သေချာမသိရသေးဘူးဗျ။ အခုလက်ရှိက မီးတွေပျက်ပြီး လိုင်းတွေဖြတ်ထားလို့ ဖုန်းလိုင်းပါ အဆင်မပြေဘူးဗျ အခြေနေတွေလဲ အရမ်းရှုပ်နေတယ်” လို့ ဒေသခံပြည်သူတစ်ဦးက C8News ကို အတည်ပြုဖြေကြားပါတယ်။

ကယားပြည်နယ် ဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေလို့ ပြည်သူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။