Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၁၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာ နဲ့ ရန်လင်းဖိုင်ကျေးရွာ ကြားမှာ မနေ့က (ဇန်နဝါရီ ၁၇ ရက်) မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲမှူးတစ်ဦးအပါအဝင် ရဲ ၅ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားသူတွေက ကလေးမြို့ မူးယစ်တပ်ဖွဲ့စုမှူး ရဲ ၃၆၉၉ ရဲမှူး သောင်းမြင့် သူ့ရဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့ လ ၂၂ ၃၄၁၇ ရဲတပ်ကြပ် ဇော်မင်းအောင်၊ လ ၂၄၀၈၈၉ ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက်၊ ကလေးခရိုင် တရားရုံး ကနေ ပုသိမ်မြို့ကို ပြောင်းရွှေ့မယ့် ရဲ ၅၆၇၁ ဒုရဲမှူး ဝင်းနိုင်၊ ရန်ကုန်မြောက်ပိုင်းခရိုင်မူးယစ်တပ်ဖွဲ့ ကို ပြောင်းရွှေ့မယ့် လ ၂၄၀၂၂၂ ရဲအုပ်မိုးထက်နိုင် တို့ဖြစ်တယ်လို့ Myanmar Police CDM Channal (MPCC) က ထုတ်ပြန်ထားပါတယ်။

သူတို့ (၅) ဦးဟာ မနေ့ နေ့လည်ပိုင်းက တမူးမြို့နယ် ပြည်သူ့ကာကွက်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃ ၊ ဗိုလ်ဇီးကွက် ဦးဆောင်တဲ့ အဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်ပြီးနောက် ၃၂ ဗို့ ခြောက်လုံးပြုး သေနတ် ၁ လက်၊ MA-13 သေနတ် နှစ်လက် နဲ့ ကျ‌ည် ၂၅ တောင့် အပါအဝင် ရဲအသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဆီက သိရပါတယ်။