Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ မနေ့က တစ်ရက်ထဲ ဗုံး (၁၅) လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ဗုံး (၁၅) ကြိမ် ပေါက်ကွဲခဲ့တဲ့ နေရာတွေက ဘိုးဘွားရိပ်သာ မှာ (၂) လုံး၊ စက်မူစခန်း မှာ (၁) လုံး၊ စက်မူစခန်းမှာ (၂) လုံး၊ မြို့ပတ်လမ်းမှာ (၁) လုံး၊ မိုးကောင်းမှာ (၃) လုံး၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်မှာ (၁) လုံး၊ ဇရပ်ဝိုင်း KFC အနီး မှာ (၁) လုံး၊ နာရီစင်အနီး (၁) လုံး၊ ချင်းတွင်းမြင့်ဟိုတယ် (၁) လုံး၊ ဆည်မြောင်းရုံး မှာ (၁) နဲ့ စီးပွားရေးဘဏ်အနီး မှာ (၁) လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ဖောက်ခွဲမှုတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၆) ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖောက်ခွဲမှု တွေပြုလုပ်ရတာဟာ လယ်ဇင်းရွာ ကို မတရားဖိနှိပ်နေတာဖြစ်တဲ့အတွက် အဲ့ဒီဘက်ကို မဖိနိုင်အောင်ကြွပေးတာဖြစ်သလို မုံရွာမြို့နေ ပြည်သူလူ ထုသွားလာလှုပ်ရှားနေတာကို လမ်းတွေပိတ် မတရား စစ်ဆေးနေတဲ့အတွက် အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မုံရွာမြို့ပြပြောက်ကျား ရဲဘော်တစ်ဦး က ပြောပါတယ်။

Missions တွေ ကောင်းမွန်စွာပြုလုပ်နိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့ စခ၊ ရခတွေနဲ့ သူတို့ရဲ့ ထောက်တိုင်တွေရရှိရာ တေရာတွေကို ရှောင်ရှားပေးကြဖို့ကိုလည်း သူတို့က မေတ္တာရပ်ခံထားပါသေးတယ်။