Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နဲ့ ချင်းပြည်နယ် ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာရှိတဲ့ ဟိန်ဇင်ရွာ တိုက်ပွဲ မှာ အကြမ်းဖက်စစ်သား (၁၅) ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့ မနက် (၁) နာရီကျော်က ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေဖြစ်တဲ့ CDM Siyin, PDF Zoland, Kalay PDF 3 , Kalay PDF 8, Kalay PDF 9, PDA,Zongam Army, CDF KKG-2 တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဘက်က ရဲဘော် (၂) ဦး ကျည်မှန်ဒဏ်ရာ ရထားပေမယ့် မစိုးရိမ်ရဘူးလို့ Civic Defence Militia (CDM) – Siyin က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၇) ရက်နေ့ကလည်း ချင်းပြည်နယ် နဲ့ ကလေးမြို့ ကို ဆက်သွယ်ထားတဲ့ လမ်းအတိုင်း စစ်ကူတက်လာတဲ့ အကြမ်းဖက်စစ်ကား တွေကို ဒေသခံမဟာမိတ်အဖွဲ့တွေက တိုက်ခိုက်လို့ အကြမ်းဖက်စစ်သား (၁၀) ဦး သေဆုံးခဲ့ပါသေးတယ်။