Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် က သတင်းပေးဒလန်လို့ သတ်မှတ်ခံထားရတဲ့ မောင်ဝင်းကို ကို သေဒဏ်ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ တောကြီးမြွေပွေးတပ်ဖွဲ့ က ပြောပါတယ်။

သတင်းပေးဒလန် လို့ သတ်မှတ်ခံထားရတဲ့ မောင်ဝင်းကို ကို ရှိန်းမကားရွာ နဲ့ ရွာသစ်ရွာ ကြားမှာ ခွေးတို့ရဲ့ သွားရာလမ်းအတိုင်း ပို့ဆောင်ပေးခဲ့ပြီး ဒလန်တွေအတွက် အပစ်ဒဏ် ဟာ သေဒဏ် ဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မောင်ဝင်းကို ကို တောကြီးမြွေပွေးတပ်ဖွဲ့ နဲ့ ဗိုလ်တေဇတပ်ဖွဲ့ က ပူးပေါင်းရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၈) ရက်နေ့ကလည်း တောကြီးမြွေပွေးတပ်ဖွဲ့ နဲ့ ဗိုလ်တေဇတပ်ဖွဲ့ ဟာ သတင်းပေးဒလန်အဖြစ် သတ်မှတ်ခံထားရတဲ့ လင်မယားနှစ်ဦးဖြစ်တဲ့ ကိုကျော်ဆွေ နဲ့ မစန်းဦး တို့ကို သုတ်သင်ရှင်းလင်းခဲ့ပါသေးတယ်။