Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရွာမိဿရွာ ကို ဒီနေ့ မနက် ၉ နာရီလောက်ကစလို့ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ စိုက်ပျိုးရေးခြံ က အင်အား (၂၀) ဝန်းကျင် နဲ့ ချမ်းသာရွာ က အင်အားတွေ ပေါင်းပြီး မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်သားတွေ ရမ်းသမ်းပစ်ခတ်ပြီး ရွာတွေထဲကို ဝင်ရောက်လာလို့ ရွာမိဿရွာ နဲ့ တခြားအနီးအနားရွာက ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မုံရွာမြို့နယ်တောင်ဘက် မအူကျေးရွာ နဲ့ လယ်ဇင်ကျေးရွာ ကြားမှာရှိတဲ့ တောင်သူတွေရဲ့ တောင်ယာစောင့်တဲတွေကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ် ဟာ သူတို့ ချီတက်ရာလမ်း ကြောင်းပေါ်မှာ တွေ့ရှိတဲ့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုနေတာရှိသလို ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ဖျက်ဆီးတာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောကြားပါတယ်။