Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၂)

ခုခံတော်လှန်စစ် ဆင်နွှဲနေတဲ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ မှာ လျှပ်စစ်မီတာခကောက်ခံဖို့ ကြောက်ရွံ့နေတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေပြောပါတယ်။

“ဒီနေ့အထိ မီတာခကောက်ဖို့ ရွာတွေကို မသွားရဲကြဘူး၊ မီးကြိုးတွေ သွယ်တုန်းက ဝန်ထမ်းအသတ်ခံရတယ် တရားခံလည်းမပေါ်ဘူး၊ ဘယ်သူကမှ အရေးတယူ ဆောင်ရွက်ပေးတာမရှိဘူး၊ လူသာသေသွားတယ် ဘာမှလည်းမလုပ်ပေးနိုင်ဘူး ဒါကြောင့် မီတာခတွေ လိုက်မကောက်တာကြာပြီ” လို့ အခြေအနေအရ ဝန်ထမ်းဆက်လက် လုပ်ကိုင်နေရသူတစ်ဦး က ပြောပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေစကြို PDF အဖွဲ့က ရဲကင်းစခန်း (၂) ခု ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ရေစကြိုမြို့နယ်၊ ရပ်ကွက်၊ ရပ်ကျေး အုပ်ချုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ နှုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

“ပိုက်ဆံရဖို့ မီတာခကောက်ခိုင်းတယ်၊ ဘာမှလည်းမလုပ်ပေးနိုင်ဘူး၊သေရင်တောင် ကိုယ့်အလောင်း ကိုယ်ထမ်းပြန်ရမှာ၊ အလုပ်ကပြုတ်ရင်လည်း ပြုတ်ပါစေတော့ မီတာလည်းမဖတ်ဘူး မီတာခလည်းသွားမကောက်ရဲဘူး” လို့ ဝန်ထမ်းတစ်ဦး က ပြောပါတယ်။

ရေစကြိုမြို့ ဟာ န-မ-ခ အခြေစိုက်တဲ့ မုံရွာမြို့ အနီးမှာတည်ရှိပြီး တပ်ရင်းတပ်ဖွဲ့တွေ အခြေစိုက်တဲ့ မြို့ဖြစ်ပေမယ် ပြီးခဲ့တဲ့ရက်ပိုင်း ရေစကြိုမြို့နယ် PDF အဖွဲ့ က တပ်ရင်း (၁) သင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါသေးတယ်။